‘အသံချဲ့စက်’ သည် Android ဖုန်းနှင့် နားကြပ်တစ်စုံသာသုံးပြီး နားလေးသူများကြား စကားသံနှင့် ပတ်ဝန်းကျင်အသံများ ပိုကြားရအောင် လုပ်ပေးသည်။ သင့်ပတ်ဝန်းကျင်နှင့် စက်ပေါ်ရှိ အသံများကို စစ်ထုတ်ရန်၊ ပိုကောင်းအောင်ချိန်ညှိရန်နှင့် ချဲ့ရန် ‘အသံချဲ့စက်’ အသုံးပြုနိုင်သည်။
ဝန်ဆောင်မှုများ
• စကားသံကို ပိုကောင်းမွန်စွာမှတ်သားရန် မလိုလားသောဆူညံသံများ လျှော့ချသည်။
• စကားဝိုင်းမုဒ်သုံးပြီး ဆူညံသည့်ပတ်ဝန်းကျင်တွင် စကားပြောသူ၏အသံကို အာရုံပြုပေးသည်။ (Pixel 3 နှင့်အထက်အတွက် ရနိုင်သည်။)
• စကားဝိုင်းများ၊ TV (သို့) သင်ခန်းစာများ နားဆင်နိုင်သည်။ ပိုဝေးသောစကားသံ ရင်းမြစ်များအတွက် ဘလူးတုသ်နားကြပ်များကို အကြံပြုပါသည်။ (ဘလူးတုသ်နားကြပ်များတွင် အသံထုတ်လွှင့်မှု နောက်ကျနိုင်သည်။)
• ပတ်ဝန်းကျင်စကားသံ (သို့) သင့်စက်ပေါ်တွင်ဖွင့်သော မီဒီယာတို့အတွက် နားထောင်မှုကို ပုဂ္ဂိုလ်ရေးသီးသန့်ပြင်ဆင်နိုင်သည်။ ဆူညံသံလျှော့ချနိုင်သည် (သို့) နိမ့်သောကြိမ်နှုန်း၊ မြင့်သောကြိမ်နှုန်း (သို့) တိုးညှင်းသောအသံများ မြှင့်တင်ခြင်းတို့ ပြုလုပ်နိုင်သည်။ နားနှစ်ဖက်စလုံးအတွက် (သို့) သီးခြားတစ်ဖက်စီအတွက် သတ်မှတ်ချက်များ ထည့်သွင်းနိုင်သည်။
• သုံးနိုင်မှုခလုတ်၊ လက်ဟန် (သို့) ‘အမြန် ဆက်တင်များ’ သုံးပြီး ‘အသံချဲ့စက်’ ဖွင့်နိုင် (သို့) ပိတ်နိုင်သည်။ သုံးနိုင်မှုခလုတ်၊ လက်ဟန်နှင့် ‘အမြန် ဆက်တင်များ’ အကြောင်း ပိုမိုလေ့လာရန်-
https://support.google.com/accessibility/android/answer/7650693
သတ်မှတ်ချက်များ
• Android 8.1 နှင့်အထက်အတွက် ရနိုင်သည်။
• သင်၏ Android စက်နှင့် နားကြပ်များကို တွဲချိတ်နိုင်သည်။
• Pixel 3 နှင့်အထက်တွင် စကားဝိုင်းမုဒ်ကို လောလောဆယ် အသုံးပြုနိုင်သည်။
‘အသံချဲ့စက်’ နှင့်ပတ်သက်သော သင့်အကြံပြုချက်ကို အီးမေးလ်ပို့ပါ- sound-amplifier-help@google.com. ‘အသံချဲ့စက်’ သုံးရန် အကူအညီအတွက် ကျွန်ုပ်တို့ကို
https://g.co/disabilitysupport
တွင် ဆက်သွယ်ပါ။
ခွင့်ပြုချက်များအသိပေးချက်
•
မိုက်ခရိုဖုန်း-
မိုက်ခရိုဖုန်းသုံးခွင့်က အသံချဲ့ခြင်းနှင့် စစ်ထုတ်ခြင်းတို့အတွက် အသံဖိုင်စီမံရန် ‘အသံချဲ့စက်’ ကို ခွင့်ပြုမည်။ ဒေတာများ မစုဆောင်းပါ (သို့) မသိမ်းပါ။
•
အများသုံးစွဲနိုင်မှုဆိုင်ရာ ဝန်ဆောင်မှု-
ဤအက်ပ်သည် အများသုံးစွဲနိုင်မှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သောကြောင့် ၎င်းက သင့်လုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်း၊ ဝင်းဒိုးအကြောင်းအရာများကို ပြန်ရယူခြင်းနှင့် သင်ရိုက်ထည့်သောစာများကို လေ့လာခြင်းတို့ ပြုလုပ်နိုင်သည်။